Saturday, May 21, 2011

NLD-Youth (L.A Malaysia) ရုံးအား မလေးလ၀ကမှ ၀င်ရောက်စီးနင်း

ပုံကိုနှိပ်၍ အကြီးကြည့်ပါ။

မေလ ၁၉-ရက်၊ ၂၀၁၁ မနက် ၁၁ နာရီအချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရုံးအား မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ၀င်ရောက်စီးနင်းကာ ကဒ်အတုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကော်မတီအဖွဲ့ဝင် ၁၁-ဦးအား မလေးရှားနိုင်ငံ၊ ကဒါ (Kedah) ပြည်နယ်၊ ဘလန်တစ်ခ် (Belantik) ထိန်းသိမ်းရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်ငြိစွန်းသော မည်သည့်ကဒ်အတုကိုမျှ ပြုလုပ်သည်မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ကဒ် (၄င်းတို့ပုံတွင် ပါရှိသည့်အတိုင်း) အဖွဲ့ဝင်များအား ပေးအပ်ထုတ်ပေးခြင်းသားဖြစ်သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားနိုင်ငံ၊ အလောစတားနယ်မြေတွင် မြန်မာဒုက္ခသည်များနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်း၊ မြန်မာလူမျိုးများ နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားတက်ကြွစေရန် လိုက်လံဟောပြောစည်းရုံးခြင်း၊ မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ကူညီထောက်ပံ့ကြရန် ဟောပြောလှုံ့ဆော်ခြင်း၊ စသည့် မြန်မာ့အရေးကိစ္စများကိုသာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

မလေးရှားလ၀ကဥပဒေ၊ ရဲဥပဒေနှင့် ဆန့်ကျင်ငြိစွန်းသော မည်သည့်ကိစ္စများကိုမျှ လုပ်ဆောင်းခြင်းမရှိပါ။ အဖွဲ့ဝင်များထံမှ ရင်းဂစ်ငွေ ၅၀၀ တောင်းခံသည်ဟူသော စွပ်စွဲပြောဆိုထားသည့်နှင့်ပတ်သတ်၍ ၄င်းတို့အဖွဲ့ဝင်များထံတွင်စုံစမ်းရာ၌လည်း မှန်ကန်မှုမရှိဘဲ အဖွဲ့ဝင်ကြေးနှင့် လစဉ်ကြေးကိုသာ ပေးဆောင်ရကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာရှိ မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် မတရားဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်စေရန် မလေးရှားအစိုးရအား ၀ိုင်းဝန်းဖိအားပေးကြပါရန်နှင့် UNHCR နှင့် နီးစပ်ပတ်သတ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှလည်း မတရားဖမ်းဆီးခံရသည့်ကိစ္စအား UNHCR သို့ ၀ိုင်းဝန်းတင်ပြပေးကြပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။

(နီးစပ်ရာသို့ forward လုပ်ခြင်းဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)


The list of the arrested people

1) Chit Aye ( 354-06C02158 )
2) Htin Kyaw ( 354-09C00937 )
3) Ko Ko Kyaw
4) San Myint Thein
5) Tin Maung
6) Zaw Lin
7) Thein Tway
8) May Lwin
9) Chit San Maung
10) Alli Baine
11) Phoe Chit 

  ကျွှန်တော်လည်းအများသိစေလိုသောဆန္ဒတခုကြောင့်ဒီနေရာလေး
ကယူလာခဲ့ တာပါ http://mgpala.blogspot.com/2011/05/nld-youth-la-malaysia.html
 
                                                                                                                                                                                                                                                 ပုသိမ်သားလေးဖြိုးဝေ

0 comments:

Post a Comment

စာဖတ်သူများ ပြောချင်တာလေးတွေ လိုအပ်တာလေးတွေ
စိတ်ကြိုက်ပြောခဲ့နိုင်ပါတယ်။
ကျွန်တော့်ဆီ ဆက်သွယ်မယ်ဆိုရင်
devilromance@gmail.com ဆက်သွယ်နိုင်ပါတယ် ခင်ဗျား။

Photobucketဒီနေရာလေးမှာသူငယ်ချင်းတို့လိုနေတဲ့အကူအညီတောင်းနှိုင်ပါတယ် Photobucket

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host